အမှုတစ်ခု၏လမ်းကြောင်းသည် အမှုအမျိုးအစားနှင့် အမှုသည်နှစ်ဖက်စလုံးမှပြုလုပ်သော ဆုံးဖြတ်ချက် များပေါ် မူတည်၍ ကွဲပြားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သော စစ်အုပ်ချုပ်ရေးအမိန့်များဖြင့်ဖြင့် စစ်ခုံရုံးများကို တည်ထောင်ခဲ့သည်။1 လက်တွေ့တွင် စစ်ခုံရုံးများ၏ တရားရုံးဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် အယူခံမှုလုပ်ငန်းစဉ်မှလွဲ၍ သာမန် တရားရုံးများ၊ ထောင်တွင်းတရားရုံးများနှင့် ယေဘုယျအားဖြင့် ဆင်တူပါသည်။ အသေးစိတ်အချက်အလက်များ အတွက်အောက်တွင်ကြည့်ရှုပါ။

စီရင်ပိုင်ခွင့်ကန့်သတ်မှုများ

စစ်ခုံရုံးတွင် အမှုစစ်ဆေးရန်အတွက် စွပ်စွဲခံရသူတစ်ဦးသည် အောက်ဖော်ပြပါ အခြေအနေ နှစ်ရပ်နှင့် ကိုက်ညီရမည်-

(၁) တရားစီရင်ပိုင်ခွင့်တည်နေရာ- စစ်ခုံရုံးများသည် စစ်အုပ်ချုပ်ရေးနယ်မြေများနှင့်သာသက်ဆိုင်ပါသည်။ ၂၀၂၂ ခုနှစ် မေလ ၂၀ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်မြို့နယ် (လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ) နှင့် ချင်းပြည်နယ် မင်းတပ် တို့အတွက် စစ်အုပ်ချုပ်ရေးအမိန့်များထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်
• စစ်ကိုင်းတိုင်း အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲမြို့၊ ယင်းမာပင်၊ ခင်ဉီး၊ တန့်ဆည်၊ ရေဉီး မြို့နယ်2
• ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါးမြို့နယ်
• မကွေးတိုင်းတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ‌ဆော၊ ပေါက်၊ မြိုင်3 မြို့နယ်
• ပဲခူးတိုင်းဒေသကြီး ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်း4 မြို့နယ်
• မွန်ပြည်နယ် ရေးမြို့နယ်နှင့်
• ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်5 မြို့နယ်
• တနင်္သာရိတိုင်းဒေသကြီး တနင်္သာရီ၊ ပုလော6 မြို့နယ်များတွင်လည်းကောင်း ၊
• ကယား ပြည်နယ် ဒီမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ7 မြို့နယ်များစစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဝက်လက်၊ ရွှေဘို၊ အရာတော် မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်များ ထပ်မံထုတ်ပြန်ခဲ့ပါသည်။8

လက်ရှိအချိန်ထိ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်ပေါင်း (၄၆) ရှိပြီ ဖြစ်ပါသည်။

(၂) အမှုဖြစ်အကြောင်းခြင်းရာဆိုင်ရာစီရင်ပိုင်ခွင့် – ဤခုံရုံးများတွင် အမှုဖြစ်အကြောင်းခြင်းရာနှင့် ပတ်သက်ပြီး ပြစ်မှုအမျိုးအစား ၂၃ မျိုး အထိ သာစီရင်ပိုင်ခွင့်ရှိကြောင်း ကန့်သတ်ထားပါသည်။ ထိုပြစ်မှုများတွင် ရာဇသတ်ကြီး ပြစ်မှုများဖြစ်သည့်
• နိုင်ငံတော်သစ္စာဖောက်မှု (ပုဒ်မ – ၁၂၂ )
• အစိုးရနှင့် တပ်မတော်သားများအပေါ် ကျူးလွန်သော ပြစ်မှုများ (ပုဒ်မ.၁၂၄(က) နှင့် ပုဒ်မ.၁၂၄(ဃ)
• ပုဒ်မ ၅၀၅ အရ လှုံ့ဆော်မှု၊
• အဆိုပါရာဇ၀တ်မှုများအပြင် လူသတ်မှုနှင့် လုယက်မှုကဲ့သို့သောပြစ်မှုများ ကို စီရင်နိုင်ပါသည်။

ရာဇသတ်ကြီးအပြင် အခြားဥပဒေများဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မတရားအသင်း၊ အကျင့်ပျက်ခြစားမှု၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် ပြည်သူပိုင်ပစ္စည်း အကာအကွယ်သည့် ဥပဒေများနှင့်လည်း ပါဝင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း တည်နေရာဆိုင်ရာနှင့် အမှုဖြစ်အကြောင်းခြင်းရာဆိုင်ရာ စီရင်ပိုင်ခွင့် အာဏာနှစ်ခုလုံးတွင် သက်ဆိုင်သော်လည်း ယင်းအမှုများဖြင့် စွပ်စွဲခံရသူကို သက်ဆိုင်ရာ မြို့နယ် (သို့မဟုတ်) ခရိုင်တရားရုံးများကဲ့သို့သောတရားရုံး များတွင်လည်း စစ်ဆေးနိုင်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး9 (သို့မဟုတ်) မင်းတပ်မြို့နယ် (ချင်းပြည်နယ်) မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး10ထံသို့ တရားစီရင်ရေးအာဏာကို လွှဲအပ်ခြင်း ဖြစ်သောကြောင့် တရားရုံး၏ လုပ်ထုံးလုပ်နည်းများသည် သက်ဆိုင်ရာတိုင်းမှူးများ၏ ဆုံးဖြတ်ချက်အရ ဖြစ်ပါသည်။ အချို့သော ခြွင်းချက်များအတွက် လိုက်နာရန်ရှင်းလင်းသော ဥပဒေလုပ်ထုံးလုပ်နည်းမရှိပါ။ အသေးစိတ်အချက်အလက်များ အတွက် အောက်တွင်ကြည့်ပါ။